Tuesday, April 21, 2009

ရိုဟင်ဂျာများ အာဖဂန်နစ္စတန် နိုင်ငံရှိ အယ်လ်ကိုင်းဒါး နှင့် တာလီဘန် စခန်းများတွင် အကြမ်းဖက် သတ်ဖြတ်နည်း သင်တန်း လေ့ကျင့်သင်ယူခြင်း

ရေးသူ - ၀ီလီယံ ဂုဏ်း
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အစ္စလမ်မစ် အကြမ်းဖက်ဝါဒ ၏ ခြိမ်းခြောက်မှု ခံနေရသည်။ ၄င်းဝါဒသည် ဤနိုင်ငံတွင် ကြောက်စရာ ကောင်းသော ယဉ်ကျေးမှု တစ်ခု အဖြစ် ပေါ်ထွန်းလာနေသည်။ ကျန်ုပ်
တို့ လုပ်ရမည်မှာ ၄င်းအကြမ်းဖက်ဝါဒ ၏ လက်မှ နိုင်ငံကို ကာကွယ်ဖို့ ဖြစ်လေသည်။
အခြားတစ်ဖက်တွင် အာဖဂန် နစ္စတန် နိုင်ငံကို စစ်ဖြစ်နေသော နိုင်ငံ၊ တာလီဘန် ကြီးစိုးသော နိုင်ငံ အဖြစ် သိထားကြလေသည်။ ၁၉၉၀ ပြည့်လွန် နှစ်များတွင် လူဦးရေအားဖြင့် ၇ သောင်းမှ ၁ သိန်း ၂ သောင်း နီးပါး အထိရှိသော မူစလင် လူငယ်လူရွယ် များကို အာဖဂန်နစ္စတန် နိုင်ငံရှိ အယ်လ်ကိုင်းဒါးနှင့် တာလီဘန် စခန်းများ တွင် လေ့ကျင့် သင်ကြားပေးပြီး လျှင် အာရှ၊ အာဖရိက နှင့် အရှေ့ အလယ်ပိုင်း ဒေသများတွင် အကြမ်းဖက် တိုက်ခိုက် ခိုင်းခဲ့သည်။ အယ်လ်ကိုင်းဒါးသည် တပ်သား အရေအတွက် အားဖြင့် အတိုင်းအတာတစ်ခု အထိ အင်အားရှိသော အစ္စလမ်မစ် အဖွဲ့ များကို အပြင်းအထန် သင်တန်းပေးပြီးနောက်၊ လူငယ်တို့ ၏ ဦးနှောဏ်ထဲသို့  ဘာသာရေးစစ်ပွဲ အတွက်လူသတ်ရပါသည် ဆိုသော အတွေးအခေါ် တစ်ရပ်ကို ရိုက်သွင်းပေးသည်။ ယင်းအတွေးအခေါ်ကြောင့် ကမ္ဘာတစ်ဝှမ်းသို့  အကြောက်တရားနှင့် အကြမ်းဖက်မှု များ ပျံ့ နှံ့ ခဲ့ရသည်။
အာရကန်ရိုဟင်ဂျာ အမျိုးသား အဖွဲ့ အစည်း နှင့် ရိုဟင်ဂျာ ညီညွတ်ရေး အဖွဲ့ တို့ သည် အထက်ဖော်ပြပါ အဖွဲ့ 
အစည်းများတွင် ပါဝင်ကြသည်။ ၄င်းအဖွဲ့ တို့ ကို အာဖဂန်နစ္စတန်ရှိ စခန်းများတွင် လေ့ကျင့်သင်ကြားပေးပြီး မြန်မာ ဘင်္ဂလားနယ်စပ်တွင် လှုပ်ရှား စေခဲ့သည်။
စက်တင်ဘာ ၁၁ ရက် အရေးအခင်းမှသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိ၊ ထို့ ထက်ပို၍ ကမ္ဘာတစ်ဝှမ်းလုံး အထိ ရိုက်ခတ်သော အစ္စလမ်မစ် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုချင်းစီကို စိစစ်ကြည့်လျှင် ၄င်းတို့ သည် အစ္စလမ်မစ် အကြမ်းဖက် လူသတ်ဝါဒ မှ တိုက်ရိုက် (သို့ ) သွယ်ဝိုက် ပေါက်ဖွားလာသော ကျိန်စာတစ်မျိုး ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဟာကတ် အု ဂျီဟတ် အီစ္စလမ်မီ အဖွဲ့ နှင့် ဂျမတ် အု မူဂျာဟီဒီ အဖွဲ့  တို့ သည် အာဖဂန်နစ္စတန် နိုင်ငံ တွင် အခြေချသော အစ္စလမ်မစ် အကြမ်းဖက် ကွန်ယက် အဖွဲ့ များ နှင့် သင့်တင့်လျောက်ပတ်သော ဆက်ဆံရေးကို ထူထောင်ထားကြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် သွေးစွန်းသော အစ္စလမ် ဆိုသောအမည် အောက်မှာ လူအစုလိုက်အပြုံလိုက် သေကြေပျက်စီးခြင်းမျိုး ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ ရပြီးပါပြီ။ နိုင်ငံ၏ လမ်းမများပေါ်မှာ ငါတို့ သည် တာလီဘန်၊ ဘင်္ဂလာသည် အာဖဂန်ဖြစ်ရမည် ဆိုသော ကြွေးကြော်သံများဖြင့် ဆူညံ ပြည့်လွှမ်းခဲ့ဖူးပါပြီ။
နိုင်ငံသည် အီစ္စလမ် အကြမ်းဖက်ဝါဒ နှင့်တကွ နိုင်ငံရေးကို အခြေပြုသော အီစ္စလမ် ၀ါဒများကို ထိန်းချုပ် ကိုင်တွယ်ဖို့  ကြိုးစားရာတွင် အကြီးကျယ်ဆုံးသော စိန်ခေါ်ယှဉ်ပြိုင်မှုများ ကို ကြုံတွေ့ နေရပါသည်။ အခြေအနေ တွေက အရင်တုန်းက နှင့် မတူ၊ ပြောင်းလဲကုန်ခဲ့ပြီ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး မျှော်မှန်းချက် များ ကို မှန်းဆ ရှေ့ ရှုရင်းနှင့်ပင် အပြင်းထန်ဆုံးသော အန္တရယ် တစ်ခုကို ရင်ဆိုင် ရသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေပါသည်။
အကြမ်းဖက်ဝါဒ ကို နိုင်ငံတစ်ခုချင်းဖြစ်ဖြစ်၊ နိုင်ငံအများစုပေါင်းပြီး ဖြစ်ဖြစ်၊ ဘက်ပေါင်းစုံက တိုက်ခိုက် ချေမှုန်းကြရမည် ဖြစ်သည်။ အစ္စလမ်မစ် အကြမ်းဖက် ၀ါဒ ကို တိုက်ခိုက်ရာမှာ အာဖဂန်နစ္စတန် နိုင်ငံ၏ အတွေ့ အကြုံများမှာ အရေးပါ အချက်အချာ ကျလှပါသည်။ အာဖဂန်နစ္စတန်နိုင်ငံသည် အစ္စလမ်မစ် အကြမ်းဖက် ၀ါဒ တိုက်ခိုက်ရာမှာ ရရှိထားသော မိမိ၏ အတွေ့ အကြုံ ကို မျှဝေပေးလျှက် တောင်အာရှ နိုင်ငံများကို ဦးဆောင် ဦးရွက် ပြုသင့်သည်။
လက်ရှိ အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ နှင့် ပြည်သူများသည် အစ္စလန်မစ် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်း အတွက် အားထားရမည့် အရေးကြီးသော မိတ်သဟာ ဖြစ်ပါသည်။ အာဖဂန်နစ္စတန် နိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီ အညွန်းက အာဖဂန်နစ္စတန် နိုင်ငံအတွင်း အပြင်တွင် အစ္စလမ် အကြမ်းဖက်ဝါဒ ကို ခုခံကာကွယ် ဆန့် ကျင်သွားရန်အတွက် ရည်ရွယ်ချက် ရှိပါကြောင်း၊ စွမ်းဆောင်ရည် ရှိပါကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြားသွားသည်။ သို့ သော် ရှုပ်ထွေးပွေလီသော ဤကမ္ဘာကြီးတွင် အကြောက်တရား စိုးမိုးသော ယှဉ်ကျေးမှု နှင့် အကြမ်းဖက် သတ်ဖြတ်ခံရမှုများကို ဆုံးခန်းတိုင်စေဖို့  အဖြေရှာခြင်းသည် ဒေသတွင်းနိုင်ငံများ မည်မျှ အတိုင်းအတာထိ စုစည်းညီညာစွာ အားထုတ် လုပ်ဆောင်နိုင်မှု အပေါ်မူတည်သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ အစိုးရ နှင့် ပြည်သူ တို့ ၏ အီစ္စလန် အကြမ်းဖက်ဝါဒ ကို တိုက်ဖျက်ရေး အားထုတ်မှု နှင့် အာဖဂန်နစ္စတန် နိုင်ငံ နိုင်ငံခြားရေး ပေါ်လစီ၏ မပြည့်စုံ နိုင်သေးသော မျှော်မှန်းချက်များ အကြားတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက မိတ်သဟာကောင်းပီပီ ပူပေါင်းဆောင်ရွက်မှု ကို အခြေပြုလျက် အချင်းချင်း ချိတ်ဆက်မိအောင် စေ့စပ်ပေးသင့်ပါသည်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်အာရှဒေသမှ လူများကို စည်းရုံး လှုပ်ရှားမှုပေးဖို့ အတွက် နိုင်ငံရေးသမားများနှင့် မူဝါဒချမှတ်သူများ ကို စည်းရုံးမိအောင် ကြံဆောင်ကြရပါမည်။ အကြမ်းဖက်မှု ကြီးစိုးသော ယဉ်ကျေးမှု နှင့် အကြောက်တရား လွှမ်းမိုးသော လူအဖွဲ့ အစည်းတို့  ပပြောက်သွားအောင် ကြံဆောင်ကြိုးပမ်းမှုတွင် သာမန်ပြည်သူပြည်သားများ ပါဝင်လာနိုင်ဖို့  အခြေခံ အုတ်မြစ်ချသင့်ပါသည်။ အဘယ်အတိုင်းအတာထိ လုပ်ရမည်နည်း ဆိုသော် လူထုလှုပ်ရှားမှုသည် အီစ္စလမ်မစ် အကြမ်းဖက်ဝါဒ ကို လုံးဝ ဆန့် ကျင် ပြီး တရားဥပဒေ စိုးမိုးရေး နှင့် ငြိမ်းချမ်းရေး ကို ဖော်ဆောင်သော အားကောင်းသော လူထုလုပ်ရှားမှု တစ်ခု ဖြစ်လာစေရပါမည်။ ယခုလို ဦးတည် လုပ်ဆောင်မှုသည် အာဖဂန် နှင့် ဘင်္ဂလား နှစ်နိုင်ငံ တို့ ၏ အစိုးရနှင့် ပြည်သူ အတွက် အရေးကြီးသော အခန်းဂဏ္ဌ ဖြစ်လာပါမည်။ အထူးသဖြင့် တောင်အာရှဒေသ နှင့် ကမ္ဘာတစ်ဝှမ်းလုံး တွင် တည်မြဲသော ငြိမ်းချမ်းရေး ရရှိဖို့  အစီအစဉ်ပင် ဖြစ်ပါတော့သည်။

-

ဝီလီယံ ဂုဏ်းသည် လူအခွင့်အရေး အတွက် လွတ်လပ်စွာ တက်ကြွလှုပ်ရှားသူ၊ ခရစ်ယန် အရေးလှုပ်ရှားသူ နှင့် နိုင်ငံရေးရာ ဝေဖန်စာရေးသူ ဖြစ်သည်။ သူသည် ခရစ်ယန် ဖွံ့ ဖြိုးရေး လမ်းညွန် အသင်း ၏ ဦးဆောင် ဒါရိုက်တာ လည်း ဖြစ်ပါသည်။ ၄င်းအသင်းမှာ လူအခွင့်အရေး ချိုးဖောက်မှု နှင့် ညည်းပမ်းမှု ကို ဆန့် ကျင်သော နိုင်ငံတော်အဆင့် အဖွဲ့ အစည်း ဖြစ်သည်။