Friday, February 13, 2009

“ရိုဟင်ဂျာဟာ အာရကန်သား”

Friday, 13 February 2009 11:48 ဧရာဝတီ
E-mail Print
မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ရိုဟင်ဂျာ များ၏ ပင်လယ်ဖြတ်၍ ဒေသတွင်း နိုင်ငံများသို့ သွားရောက် နေကြသော သတင်းများသည် ယခုနှစ်ဆန်းပိုင်း၏ ထိပ်တန်း သတင်းများ ဖြစ်သည်။

[ဦးအေနာယတ်အုလ္လာ (ဓာတ်ပုံ - ဇာနည်ဝင်း/ဧရာဝတီ)]

ရိုဟင်ဂျာ များနှင့် ပတ်သက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ထိုင်းနိုင်ငံ) မှ ပြောရေးဆိုခွင့်ရှိသူ ဦးအေနာယတ်အုလ္လာနှင့် ဧရာဝတီက တွေ့ဆုံ မေးမြန်းခဲ့သည်။ အဆိုပါအဖွဲ့သည် ရိုဟင်ဂျာများအရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။

ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မတူ ကွဲပြားသည့် အမြင်များ ပါရှိသည့် ဆက်သွယ် မေးမြန်းမှုများကို မကြာမီ ရက်ပိုင်းအတွင်း ဧရာဝတီတွင် ဖော်ပြပေးပါမည်။ (ဧရာဝတီ မဂ္ဂဇင်းသည် ဘက်လိုက်မှုရှိရှိဖြင့် ဆန့် ကျင်ဘက် အမြင်များကို ဖော်ပြပေးဖို့ ရာ လက်တွန်းခဲ့ ပါသည်။ )

မေး။ ။ မြန်မာပြည်ကရော ဘင်္ဂလားဒေ့ရှ်ကပါ ရိုဟင်ဂျာတွေဟာ သူတို့နိုင်ငံသားတွေ မဟုတ်ဘူးလို့ ပြောတယ်။ ဒီအစိုးရ ၂ ခုကို ဘာပြောချင်သလဲ။

ဖြေ။ ။ ဒီနိုင်ငံတွေက လက်မခံလည်း ပြဿနာ မဟုတ်ပါဘူး။ တကယ့် တကယ်မှာ ကျနော်တို့က မြန်မာ နိုင်ငံသားလည်း မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားလည်း မဟုတ်ဘူး။ ကျနော်တို့က အာရကန် (Arakan) သားတွေ။ အာရကန်ကင်းဒမ်း (Arakan Kingdom)ကနေ လာတာ။ ဒီနိုင်ငံ၊ ဒီတိုင်းပြည်၊ ထီးနန်းတွေ ဘယ်လို ပြောင်းလဲလာပါစေ ကျနော်တို့က အာရကန်ပြည်သားပဲ။ (အခြေအမြစ် နှင့် သက်သေ အထောက်အထား မရှိဘဲ ပြောသော စကား ကို လက်ခံကြရမလား ခင်ဗျား၊)

မေး။ ။ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ တွေရဲ့ လက်ချက်နဲ့ ဘူးသီးတောင်၊ မောင်တော ဒေသမှာတင် ရခိုင် ဒေသခံတွေ ၂၀၀၀၀ (နှစ်သောင်း) ၀န်းကျင် အသတ်ခံရတယ်လို့ ဆိုကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်သလဲ။

ဖြေ။ ။ အဲဒါ ရခိုင်သမိုင်းဆရာတွေရဲ့ Racist သမိုင်းဆရာတွေရဲ့ အပြော အဆိုပါ။ တကယ့်တကယ်မှာ ၁၉၄၂ ခုနှစ်မှာ အဲဒီမှာ ရိုဟင်ဂျာ တသိန်းလောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ပြီးတော့ အသတ်ခံရတယ်၊ ကျန်တဲ့လူတွေက ဘန်ဂေါ (Bengal)ကို ပြေးသွားတယ်။ ရခိုင်တွေကို သတ်ခဲ့တာ ကျနော်တို့ တခါမှ မကြားမိခဲ့ဘူး။ Racist သမိုင်းဆရာတွေရဲ့ မဟုတ်မမှန်တဲ့ စွပ်စွဲမှုပါ။ (သာမန်အတွေးဖြင့် စဉ်းစားရင်တောင် နှစ်ဦးနှစ်ဘက် အဆုံးအရှုံးရှိတာ တွေးမိကြမှာပါ၊ ရခိုင်တွေကို သတ်ခဲ့တာ ကျနော် တခါမှ မကြားမိခဲ့ဘူး ဆိုတာ လိမ်တာပါ။)

မေး။ ။ “ရခိုင်မွတ်စလင်” “ရိုဟင်ဂျာ” ဆိုတဲ့စကားလုံးတွေကို မသုံးဘဲ နိုင်ငံသား အခွင့်အရေးကိုပဲ တောင်းသင့်တယ် ဆိုတဲ့ မှတ်ချက်ကို ဘာပြောချင်သလဲ။

ဖြေ။ ။ ကျနော်တို့ အာရကန်ပဲ သိတယ်။ ကျနော်တို့ အာရကန်ကနေ မွေးထုတ်လာတယ်။ ကျနော်တို့ အာရကန် နိုင်ငံသား။ အာရကန်နိ မွတ်စလင် (Arakanese Muslim) တွေ။ တချို့တွေက ရခိုင်မွတ်စလင် လို့ ခေါ်ချင်တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ လူမျိုးတွေရဲ့ နာမည်က သပ်သပ် ရှိတယ်။ ရိုဟင်ဂျာ ဆိုတဲ့ နာမည် ဟိုး အရင်ကတည်းက ရှိတယ်။ (ရှိရင် သမိုင်း အထောက်အထား အခိုင်အလုံ နဲ့ သက်သေပြပါလား၊ သင်္ဘောပျက်လို့  ရောက်လာတယ် ဆိုပြီး သက်သေထူရင် လူရီစရာ ဖြစ်တယ်လေ။)

မေး။ ။ ရိုဟင်ဂျာ ဆိုတာ ဘယ်နှစ်ခုနှစ်လောက်က စပေါ်လာသလဲ။

ဖြေ။ ။ ရိုဟင်ဂျာအကြောင်း အများကြီး ရှိတယ်။ ရိုဟင်ဂျာအကြောင်း ရိုဟင်ဂျာ language (ဘာသာစကား) နဲ့ မြန်မာ့အသံ အသံလွှင့်ဌာနကနေ လွှင့်ပြီးသွားပြီ။ (မေးတာ နဲ့  ဖြေတာ တစ်ခြားစီ ပါလား)

မေး။ ။ သတင်းတွေမှာ ပါတဲ့ လှေစီးရိုဟင်ဂျာတွေက ဘယ်က လာတာလဲ၊ ဘာကြောင့် လှေစီးပြီး ထွက်လာကြတာလဲ။

ဖြေ။ ။ အဓိကကတော့ သူတို့ အာရကန်သားပဲ။ (မေးတာ နဲ့ ဖြေတာ လွဲပြန်ပြီ) အာရကန်မှာ မနေနိုင်လို့ သူတို့ လူ့အခွင့်အရေး ချိုးဖောက်ခံရလို့ ဒီလူတွေက အဲဒီကနေ ထွက်ပြေးလာတာ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ (လူ့ အခွင့်အရေး ချိုးဖောက်ခံရတဲ့ သူတွေ မနေနိုင်လို့ ထွက်လာခဲ့သည်ရှိသော်၊ မထွက်လာတဲ့ သူတွေက လူ့ အခွင့်အရေး အချိုးဖောက် မခံရလို့ လား၊ ဒါမှမဟုတ် ခံနိုင်ရည်ရှိသွားလို့ လား။ မိန်းမတွေ နဲ့ ကလေးတွေ လူ့ အခွင့်အရေး အချိုးဖောက် မခံရဘူးလား။ သူတို့ တွေ ထွက်မလာသင့်ဘူးလား။ ဘာလို့ ယောက်ျားတွေ ချည်းပဲ လာကြရပါသလဲ၊) အခု ထွက်လာတာက မူလနေရာက အာရကန်ပဲ။ သူတို့ ဘင်ဂါလီ အခေါ်ခံချင်လည်း မရဘူး။ တခြားနေရာ သွားပြီးတော့လည်း အခေါ်ခံချင်လို့ မရဘူး။ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ကျနော်တို့ကလေးတွေက (ထိုင်းနိုင်ငံသား)မှတ်ပုံတင် ကိုင်ဆောင်ထားတာ ရှိတယ်၊ သို့သော် သူတို့ကို ဘယ်လို ပြောမလဲ၊ ကျနော်တို့ ရိုဟင်ဂျာပဲ ပြောမယ်။

ဒီမှာလည်း ဒုက္ခသည် အများကြီး လာကြတယ်၊ ကရင်တွေ အများကြီး လာကြတာ ရှိတယ်။ ကျနော်တို့လည်း ဘင်္ဂလားဒေ့ရှ်ကို သွားတယ်။ အဲဒီလိုပေါ့ အဆင်ပြေတဲ့ နေရာကို သွားကြတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ ဒီကို လာတာလည်း ရှိရင် ရှိနိုင်တယ်။

မေး။ ။ လှေစီးရိုဟင်ဂျာတွေက အလုပ်လာလုပ်တဲ့လူတွေလို့ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံခေါင်းဆောင်တွေက ပြောနေကြတယ်။

ဖြေ။ ။ ကျနော့် သုံးသပ်ချက်က ဒီလူတွေက နိုင်ငံရေး၊ စီးပွားရေးဆိုတာ ရထားလမ်းလိုပဲ၊ နိုင်ငံရေးကို စီးပွားရေးက ဖယ်ပြီး သွားလို့ မရဘူး။ စီးပွားရေးသွားရင်လည်း နိုင်ငံရေးကို ဖယ်လို့ မရဘူး။ အဲဒီလို ရှိတယ်။ လူတွေ ဆင်းရဲ နွမ်းပါးကြတယ်။ (ဟုတ်တယ်လို့  အရင်ဝန်ခံပြီးမှ ဆက်ပြောလေ)

ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကျနော်တို့လူမျိုးမှ မဟုတ်ဘူး။ မြန်မာပြည်မှာ တခြားလူမျိုးတွေလည်း အဲဒီလို ခံနေရတယ်။ အခု ထိုင်းနိုင်ငံမှာ တခြား လူမျိုးတွေလည်း အများကြီး ရှိတယ်။ ရခိုင်ကနေ ရခိုင်လူမျိုးတွေ ဒီကိုလာတာ မြန်မာငွေ တသောင်း မကုန်ဘူး။ (လွဲပြန်ပါပြီ။ ဘာလို့ အလွဲကြီးတွေ လွဲနေတာလဲ၊ လိမ်နေတာ သိသွားမှာ စိုးရိမ်တာ မလား) ကျနော်တို့ကတော့ လာလို့ မရလို့၊ ကျနော်တို့ ရပိုင်ခွင့်တွေ မရှိလို့၊ ခရီး သွားလာခွင့် မရှိလို့ ဘင်္ဂလားဒေ့ရှ်ကနေ (ရေလမ်းခရီးကတဆင့်) လာရတာ။ (ဒါဆို ခင်ဗျားကိုယ်တိုင် ရေလမ်းက လာခဲ့လို့ လား)

မေး။ ။ ရိုဟင်ဂျာတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ။ နိုင်ငံသားအခွင့်အရေးရရင် ကျေနပ်မလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်နယ် ဆိုတာတွေ တောင်းဆိုမှာလား၊ ရိုဟင်ဂျာတွေဟာ မြန်မာပြည်ရဲ့ တိုင်းရင်းသားလူမျိုးစု တခုဖြစ်တယ် ဆိုပြီး အသိအမှတ်ပြုတာ ခံရဖို့ ကြိုးစားမှာလား။

ဖြေ။ ။ ကျနော်တို့ တိုင်းရင်းသား လူမျိုးစုတခုအနေနဲ့ ဖြစ်စေချင်တယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တို့ ပြည်နယ်တို့ မတောင်းချင်ဘူး။ ကျနော်တို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို ကျနော်တို့ ရချင်တယ်။ အခုက အခွင့်အရေး ရွေးစေ့လောက်တောင်မှ မရှိဘဲ။ (ပိုက်ဆံပေးရင် အစိုးရဆီက အခွင့်အရေး ရပါတယ်။ ချမ်းသာနေတဲ့ မူစလင် ကုလားတွေ စစ်တွေ၊ မောင်တော မှာ တစ်ပုံကြီးပဲ၊ မယုံယင် မောင်တောဈေးထဲ၊ စစ်တွေ ဈေးတွေထဲ ကို ၀င်ကြည့်လိုက်၊ ဆိုင်ရှင်က ကုလား၊ အလုပ်သမားက ရခိုင်သား)

မေး။ ။ ဖြစ်လာမယ်လို့ မျှော်လင့်သလား။ ဘယ်အချိန်မှာ ဖြစ်လာမယ် လို့ ခန့်မှန်းသလဲ။

ဖြေ။ ။ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဘယ်တော့လောက် ခန့်မှန်းသလဲ ဆိုတာ မြန်မာနိုင်ငံက လွတ်လပ်ရင် ကျနော်တို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ ရသွားမှာပဲ။ လူ့အခွင့်အရေးကို လေးစား လိုက်နာတဲ့အချိန် ရောက်လာမှပေါ့။

မေး။ ။ ထိုင်းမြန်မာနယ်စပ်က တခြား နိုင်ငံရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာ ရှိသလား။

ဖြေ။ ။ ကျနော်တို့ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက လက်မခံသလို၊ ပြည်ပရောက် နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ကျနော်တို့ ရိုဟင်ဂျာတွေကို လက်မခံပါဘူး။ ဗမာထဲမှာ အရင်က ကျနော်တို့ တွဲဖူးတာ ရှိသေးတယ်။ ကျနော်တို့ ရိုဟင်ဂျာတွေကို တိုင်းရင်းသားလူမျိုးစုတွေ အဖြစ်နဲ့ လှုပ်ရှားတာ ရှိခဲ့တယ်။ ။ (လက်ခံသင့် မခံသင့် ဆိုတာ သမိုင်းက စကားပြောသွား ပါတယ် ခင်ဗျား)

ဒီပို့ကို http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=713:2009-02-13-04-48-48&catid=4:interview&Itemid=10 ဒီလင့်က ရယူပါတယ်။ ဧရာဝတီ က ဆန့် ကျင်ဘက် အမြင်ဖေါ်ပြဖို့  ပျက်ကွက်နေပါ သေးတယ်။

No comments:

Post a Comment