Friday, February 13, 2009

ဒုက္ခသည်မဟုတ်တဲ့ ရိုဟင်ဂျာများ

ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဘက်ကို လှေတွေနဲ့ရောက်လာတဲ့
ရိုဟင်ဂျာ တွေကို မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေခံရလို့ ထွက်ပြေးလာတဲ့
ဒုက္ခသည်တွေအဖြစ် အနောက် မီဒီယာတွေမှာ ရေးနေကြပါတယ်။ ရိုဟင်ဂျာအရေးကို
ဒေသဆိုင်ရာ ပြဿနာ အဖြစ်ကိုင်တွယ်ဖို့ လိုတယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ်ကလဲ
လေသံပစ် လာတယ်။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံထဲမှာ ရှေးတုံးထဲက နေခဲ့တဲ့
တိုင်းရင်းသား လူမျိုးစုလား၊ ဗြိတိသျှ ကိုလိုနီ ခေတ်ကျမှ ရေကြည်ရာ
မျက်နုရာ ပြောင်းရွှေ့ အခြေချလာတဲ့ လူမျိုးတွေလား ဆိုတာကတော့
အဏ္ဏ၀ါစစ်သည်နဲ့ ရခိုင်သားတို့ တင်ပြထားတဲ့ အချက်တွေအရ ရှင်းနေပြီလို့
ထင်ပါတယ်။ ကျွန်တော် ကိုယ်ပိုင် အယူအဆအရ ပြောရရင်လဲ ရိုဟင်ဂျာဆိုတာ
တိုင်းရင်းသား လူမျိုးစု ဖြစ်တယ် ဆိုတာကို ဘယ်တုံးကမှ လက်မခံပါဘူး။
တစ်ခြားမကြည့်နဲ့ဗျာ။ မြန်မာပြည်မှာ ရှိတဲ့ ဘယ်တိုင်းရင်းသား မဆို
ဆယ်ယောက်မှာ ငါးယောက်တော့ ဗမာစကား ထမင်းစား ရေသောက် ပြောတတ်ပါတယ်။ အခု
ရုပ်သံ သတင်းတွေထဲက ရိုဟင်ဂျာ ဆိုတဲ့လူတွေရဲ့ ရုပ်နဲ့ ဗမာစကား တစ်ယောက်မှ
မပြောတတ်တာကို ကြည့်ရင် ဘယ်ကလာလို့ ဘယ်ကို သွားမယ်ဆိုတာ ထင်ရှား နေပါတယ်။
ဒီတော့ ရိုဟင်ဂျာဟာ ဒုက္ခသည်လား၊ နောက်ထပ် ရေကြည်ရာ မျက်နုရာကို
ထွက်လာသူလား ကြည့်ရအောင်။

ထိုင်းလွှတ်တော် လုံခြုံရေးရာ ဆပ်ကော်မတီ ဥက္ကဌ Jehraming Tohtayong ကတော့
သူတို့ ကော်မတီက လုပ်ခဲ့တဲ့ စုံစမ်းမှုတွေအရ ထိုင်းနိုင်ငံကို ရောက်လာတဲ့
ရိုဟင်ဂျာတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ထွက်ခွာ လာသူတွေ
မဟုတ်ဘဲ စီးပွားရှာဖို့ ထွက်လာသူတွေ ဖြစ်တယ်။ သူတို့ဟာ လူကုန်ကူးသူတွေရဲ့
အစီအစဉ်နဲ့ ရောက်လာတာ ဖြစ်တယ်လို့ အခိုင်အမာ ပြောသွားပါတယ်။
ထိုင်းလွှတ်တော် ကော်မတီက ရိုဟင်ဂျာတွေဆီမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက
သူတို့ကို ထိုင်းနိုင်ငံဆီ ပို့ပေးတဲ့ ပွဲစားရဲ့ ဖုန်းနံပါတ်။
ထိုင်းနိုင်ငံ ရောက်ရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ တွေ့ရတယ်။
လူကုန်ကူးတဲ့ ပွဲစားတွေက ဒီလူတွေကို ထိုင်းရောက်ရင် ဒုက္ခသည်အဖြစ်
စာရင်းသွင်းပြီး တတိယ တစ်နိုင်ငံမှာ အခြေချနိုင်အောင် လုပ်ပေးမယ်လို့
ကတိပေးခဲ့တယ် ဆိုပြီး ထုတ်ဖော် ပြောကြားခဲ့ပါ တယ်။

တကယ်တော့ ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် သရုပ်ဖော်နေတာဟာ နိုင်ငံတကာ ဥပဒေ
များကို အသုံးချဖို့ လုပ်နေတာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေအရ
နိုင်ငံရေး၊ လူမျိုးရေးအရ ဖိနှိပ်ခံရ လို့ ထွက်ပြေး တိမ်းရှောင်လာ
သူတွေကိုသာ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုပါတယ်။ ဒီလိုလူတွေကိုပဲ ကုလသမဂ္ဂ
ဒုက္ခသည် ရေးရာမင်းကြီးရုံး UNHCR က အကူအညီပေးပြီး တတိယနိုင်ငံတွေမှာ
နေရာချ ပေးဖို့ ဆောင်ရွက် ပေးပါတယ်။ နေရာမချ နိုင်ခင်ကာလမှာ ဒုက္ခသည်
စခန်းမှာထားပြီး စောင့်ရှောက် ထားရပါတယ်။ ဒီတော့ ထိုင်း၊မလေးရှား
နိုင်ငံတွေကို ထွက်ခွာလာတဲ့ ရိုဟင်ဂျာတွေဟာ အာဏာပိုင်တွေက မမိဘူးဆိုရင်
မူလ ရောက်ပြီးသား ရိုဟင်ဂျာတွေနဲ့ ဆက်သွယ်ပြီး အလုပ်လုပ်မယ်။
မိသွားရင်တော့ ဒုက္ခသည်အဆင့်ရအောင် လိမ်လည် ချဲ့ကား ပြောဆိုမယ်ဆိုတဲ့
နည်းဗျူဟာနဲ့ ၀င်လာတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

တကယ်တော့ လူကုန်ကူးမှု လုပ်ငန်းဟာ တစ်နှစ်ကို ဒေါ်လာ ဘီလီယံ လေးဆယ်ကျော်
ဝင်ငွေ ရတဲ့လုပ်ငန်းကြီး ဖြစ်နေပါပြီ။ စီးပွားရေး ကျပ်တည်းမှု၊
နိုင်ငံရေး မတည်ငြိမ်မှုတွေ ရှိတဲ့နိုင်ငံတွေက လူတွေက စီးပွားရေး
လုပ်လို့ ကောင်းမယ့် နိုင်ငံတွေကို ရွှေ့ပြောင်း ထွက်ခွာကြတယ်။ ပညာအခြေခံ
ရှိပြီး သတ်မှတ်ထားတဲ့ စံများကို ပြည့်စုံသူတွေက တရားဝင် လမ်းကြောင်းတွေက
ထွက်တယ်။ မပြည့်စုံတဲ့သူတွေက တရားမ၀င် နည်းလမ်းနဲ့ ထွက်တယ်။ အဲဒီအခါမှာ
လူကုန်ကူးမှုရဲ့ သားကောင်တွေဖြစ်ရ တာပါပဲ။

အခုရိုဟင်ဂျာဆိုသူများဟာလည်း ဒီပုံစံပါပဲ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ လူသန်း
နှစ်ရာနီးပါး ရှိပြီး ကမ္ဘာပေါ်မှာ လူဦးရေ အသိပ်သည်းဆုံးနိုင်ငံ
ဖြစ်ပါတယ်။ သဘာဝ ကပ်ဘေး၊ နိုင်ငံရေး မတည်ငြိမ်မှု တွေနဲ့ ဆယ်စုနှစ်
သုံးခုကျော် ရင်ဆိုင်ခဲ့ရတယ်။ လူတစ်ဦးချင်း အတွက် နိုင်ငံတကာ
အထောက်အပံ့ အများဆုံး ရတဲ့နိုင်ငံလဲ ဖြစ်တယ်။ နိုင်ငံတကာ
စာရင်းဇယားများအရ ဘင်္ဂလားဒေ့ရှ် လူဦးရေရဲ့ ငါးပုံလေးပုံဟာ အထောက်အပံ့နဲ့
မ၀ရေစာ စားပြီးရပ်တည် နေရတယ်လို့ ဆိုပါတယ်။ ဒီတော့ ဒီနိုင်ငံက လူတွေဟာ
နည်းမျိုးဆုံနဲ့ ပတ်ဝန်းကျင်ကို စီးထွက်နေတာ မဆန်းပါဘူး။ မြန်မာနိုင်ငံ
ဟာလည်း ဒီပြဿနာကို နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရတယ်။ အိန္ဒိယကတော့
နယ်စပ်တစ်လျောက် ခြံစည်းရိုး ကာဖို့အထိ စဉ်းစား နေတယ်။ ဒီအိမ်နီးနားချင်း
နိုင်ငံတွေထဲကို ၀င်ဖို့ ခက်ခဲလာတဲ့အခါ ဒီဘင်္ဂလီ လူမျိုးတွေဟာ အစ္စလမ်
ဘာသာဝင်တွေ အများစုဖြစ်ပြီး စီးပွားရေး အလုပ်အကိုင်
အခွင့်အလမ်းတွေများတဲ့ မလေးရှား၊ ထိုင်း တောင်ပိုင်းနဲ့ အင်ဒိုနီးရှား
နိုင်ငံတွေဆီကို ထွက်ကြတယ်။ အရှေ့အလယ်ပိုင်းကို သွားကြတယ်။

သို့သော် ဒီလိုခိုးဝင်မှုကို အာဏာပိုင်တွေက မိတဲ့အခါ ဘင်္ဂလားဒေ့ရှ်က
လာတာပါလို့ ပြောရင် စီးပွားရေးအရ ထွက်ပြေးသူအဖြစ် သတ်မှတ်တာမို့ လူဝင်မှု
ကြီးကြပ်ရေး ဥပဒေအရ အရေးယူပြီး ပြန်ပို့ခံရမယ်။ ဒါ့ကြောင့် ဒုက္ခသည်
ဖြစ်အောင်လို့ ရခိုင်ရောက် ဘင်္ဂလား ကုလားများအတွက် တီထွင်ထားတဲ့
နံမည်ဖြစ်တဲ့ ရိုဟင်ဂျာဆိုပြီး လုပ်ပြတယ်။ အဲဒါဟာ မြန်မာ့အရေးကို
စိတ်ဝင်စားနေတဲ့ နိုင်ငံတကာ မီဒီယာများ၊ INGO များနဲ့ မြန်မာ အစိုးရအပေါ်
တိုက်ခိုက်ဖို့ အခွင့်အရေး ရှာနေသူများ ရဲ့ အားပေးမှုကို ရဖို့အလွယ်ဆုံး
နည်းလမ်းလည်း ဖြစ်တယ်။

တကယ်တော့ ရိုဟင်ဂျာ ပြဿနာဆိုတာ အင်မတန် ရှင်းပါတယ်။ ကုလားက စစ်အစိုးရ
အုပ်ချုပ်လို့ နိုင်ငံတကာက မျက်စိစပါးမွှေး ဆူးနေတဲ့ မြန်မာနိုင်ငံကို
အသုံးချလိုက်တာပါပဲ။ ဒါ့ကြောင့်လည်း ဘင်္ဂလားဒေ့ရှ် အငယ်တန်း
နိုင်ငံခြားရေး ၀န်ကြီးက ရိုဟင်ဂျာအရေးဟာ ဒေသအရေး ဖြစ်တယ်။ ဒီလူ တွေကို
နေရာချထားပေးဖို့ ၀ိုင်းစဉ်းစားကြပါဆိုပြီး ပြောလာတာ ဖြစ်ပါတယ်။
သူ့နိုင်ငံထဲက လူဦးရေ သိပ်သည်းမှုနဲ့ ဆင်းရဲမှု ပြဿနာကို အာဆီယံဘက်ကို
တွန်းပို့လိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ ဘင်္ဂါလီကုလားများဟာ အာဆီယံ
မိသားစုဝင် နိုင်ငံများက အစ္စလမ် ဘာသာဝင်များနဲ့ လူမျိုးအရ၊ ဘာသာ စကားအရ
ဘာမှ ပတ်သက်မှုမရှိပါဘူး။

ဒီတော့ ကျွန်တော်တို့ဟာ ရိုဟင်ဂျာ အရေးကို ဒီမိုကရေစီ လှုပ်ရှားမှုနဲ့
ခွဲခြား မြင်ရမယ်လို့ ထင်ပါတယ်။ မြန်မာ့အရေး လှုပ်ရှားနေသူများ၊
ပြည်ပရောက် မြန်မာများဟာ ထိုင်း၊ မလေးရှားတို့မှာ တရားမ၀င် ရောက်နေပြီး
လူကုန်ကူးမှုရဲ့ သားကောင် ဖြစ်နေတဲ့ မြန်မာ တိုင်းရင်းသား စစ်စစ်ဖြစ်တဲ့
ဗမာ၊ ရခိုင်၊ ကရင်၊ မွန်၊ ရှမ်း စတဲ့ သူတွေကို ကယ်တင်နိုင်ဖို့၊
သူတို့ဘ၀ကို မြှင့်တင်ပေးဖို့၊ ဒီလူတွေ မြန်မာ ပြည်ကို ပြန်နိုင်တဲ့
အခြေအနေ ရောက်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဘင်္ဂါလီကုလားမှန်း သိရက်နဲ့
အစိုးရကို တိုက်ခိုက်ချင်တာနဲ့ ဒီလူတွေကို မြန်မာဒုက္ခသည်တွေ စာရင်းထဲ
သွင်းဖို့မသင့်ပါဘူး။ ဒါဟာ မြန်မာလူမျိုးတွေရဲ့ အနာဂတ်ကို လောင်းကြေး
ထပ်သလို ဖြစ်ပါလိမ့်မယ်။ ရိုဟင်ဂျာဟာ မြန်မာ တိုင်းရင်းသား မဟုတ်၊
မြန်မာနိုင်ငံဟာလဲ ဒီရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီကုလားများရဲ့ ခိုးဝင်မှုကို
ရာစု နှစ်နဲ့ ချီပြီးခံနေရတဲ့ နိုင်ငံ ဖြစ်တယ် ဆိုတာဟာ ဒီနေ့
ကျွန်တော်တို့ အားလုံး ကိုင်စွဲရမယ့် ရပ်တည်ချက် ဖြစ်တယ်လို့ပဲ
ဆိုချင်ပါတယ်။

No comments:

Post a Comment