Friday, February 13, 2009
NLD, CRPP နဲ့ ရိုဟင်ဂျာ
အောင်ထက်
ဒီကနေ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ရေးတာတွေ ဖတ်ကြည့်တဲ့အခါ ဦးနုက
သူ့ပါတီ အကျိုးအတွက် ကုလားတွေကို မွေးရာကနေ ရိုဟင်ဂျာ နံမည်က တရားဝင်
ဖြစ်လာတယ်။ ရိုဟင်ဂျာ နံမည်ကို မိန့်ခွန်းထဲ ထည့်ပြောတာ၊ အသံလွှင့်တာ
တွေကြောင့် ဒီကုလားတွေဟာ တိုင်းရင်းသား ယောင်ယောင် ဖြစ်လာတယ်ဆိုတာ
တွေ့လာရတယ်။ ဒါဟာ နိုင်ငံရေးသမားတွေ မိမိအာဏာရရေး အတွက် အမျိုးသားရေးကို
စတေးခဲ့တဲ့ အာဏာငန်း ဖမ်းခဲ့တဲ့ အဖြစ်ပဲ။ ဒါပေမယ့် ဦးနု အာဏာရူးပြီး
ကုလားကို သရဲမွေးခဲ့သလို ဒီချုပ်လည်း အဲဒီလိုဖြစ်ခဲ့ဘူးတယ်ဆိုတာ
သိသူနည်းပါလိမ့်မယ်။ အဖြစ် ကဒီလို
၉၅ မှာ ဒေါ်စု အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီး အမျိုးသားညီလာခံမှာ တက်နေတဲ့
ဒီချုပ် ကိုယ်စားလှယ်တွေကို ပြန်ခေါ်လိုက်တယ်။ ညီလာခံကလည်း ၉၆ ထဲကျတော့
ခေတ္တရပ်ဆိုင်းတယ် ဆိုပြီး ရပ်သွားတယ်။ အဲဒီအချိန်မှာ နိုင်ငံရေး အခြေအနေက
ရှေ့မတိုးနောက်မဆုတ် ဖြစ်သွားတယ်။ အစိုးရကလည်း ညီလာခံကို ဆက်မလုပ်
နိုင်တော့ဘူး။ ဒီချုပ်ကလဲ ၉၀ လွှတ်တော်ကို ခေါ်နိုင်ဖို့ အတွက်
အင်အားမရှိဘူး။ ဒီအခြေအနေမှာ ဒီအခြေအနေကို ရှေ့တိုးနိုင်ဖို့အတွက် ၈၉
တုံးက မလုပ် နိုင်ခဲ့တဲ့ တပ်ပေါင်းစု တည်ဆောက်ရေးကို
လုပ်ဖို့လိုတယ်ဆိုပြီး ဒေါ်စုနဲ့ စီအီးစီတွေက ဆုံးဖြတ်ခဲ့ တယ်။
အဲဒီအချိန်မှာ ထောင်ထဲက ပြန်လွတ်လာတဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့က
နိုင်ထွန်းသိန်း၊ နိုင်ငွေသိန်း တို့ကလည်း သူတို့ပါတီထဲမှာ
အစည်းအဝေးလုပ်ပြီး တပ်ပေါင်းစုဖွဲ့ရေးမဟာဗျူဟာကို ချ ခဲ့တယ်။
အဲဒီအစည်းအဝေးက ၉၅ နှစ်ကုန် ဒီဇင်ဘာလထဲမှာ လုပ်တာဖြစ်တယ်။
မွန်ခေါင်းဆောင်တွေက ဒီအကြံအစည်ကို ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့က
ဦးသာဘန်း ၊ ဇိုမီး ကွန်ဂရက်က ပူကျင်းရှင်းထန် တို့ကို
ချဉ်းကပ်ဆွေးနွေးတော့ သူတို့ကလည်း သဘောတူတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ
ထောက်လှမ်းရေးကလည်း တိုင်းရင်းသား ပါတီတွေကို မျက်စိဒေါက်ထောက်
ကြည့်နေတော့ ပေါ်ပေါ်ထင်ထင် မလုပ်ရဲ့ဘူး။ နောက်ပြီး အဓိက တိုင်းရင်းသား
ပါတီဖြစ်တဲ့ ရှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD မပါ ဘဲနဲ့လည်း
ဆက်မလုပ်ချင်ကြဘူး။ SNLD က ရှမ်းပြည် နယ်မှာ အမတ်နေရာ ၂၃
နေရာရထားတာဖြစ်လို့ ဒီချုပ်ပြီးရင် ဒုတိယအား အကောင်းဆုံးပါတီလည်း
ဖြစ်နေတယ်။ ဒါပေမယ့် SNLD ဟာ ကျန်တဲ့တိုင်းရင်းသားပါတီတွေကို
သိတ်ပြီးအဖက်လုပ်တာ မဟုတ်ဘူး။ ဒါ့ကြောင့် တိုင်းရင်းသားပါတီတွေ
ဖွဲ့ထားတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD)
မှာမပါဘူး။ နောက်ပြီး ဒီချုပ်ရဲ့ ဖက်ဒရယ် အပေါ်သဘောထားကို တိတိကျကျ မသိ
ရလို့ သိတ်ပြီး ပူးပူးကပ်ကပ် မလုပ်ဘူး။
၉၇ ခုနှစ် ဒီချုပ်ရဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ နိုင်ငွေသိန်းက SNLD
ကဦးခွန်ထွန်းဦး နဲ့ ဦးအောင်ရွှေကို ချဉ်းကပ်ပြီး
တပ်ပေါင်းစုဖွဲ့ရေးသဘောထားကို အလွတ်သဘောတင်ပြတယ်။ ဦးအောင်ရွှေက ဒီအဆိုကို
မတ်လ စီအီးစီအစည်းအဝေးမှာ တင်တယ်။ ဦးခွန်ထွန်းဦးကတော့ တောင် ကြီးကို
ပြန်သွားပြီး သူ့ဗဟိုကော်မတီဝင်တွေကို ရှင်းပြတယ်။ ၉၇
စက်တင်ဘာထဲရောက်တော့ ဒီချုပ် ရော၊ SNLD ကပါ တပ်ပေါင်းစုဖွဲ့ရေးကို
သဘောတူလိုက်တယ်။ ဒါပေမယ့် ဒီချုပ်က တိုင်းရင်းသား ပါတီတွေနဲ့
တိုက်ရိုက်မတွေ့ဘဲ ဗဟိုကော်မတီဝင် ဦးခင်မောင်ကြည်ကိုပဲ ဆက်သွယ်ရေး
တာဝန်ခံ တာဝန်ပေးထားတယ်။
၉၈ ခုနှစ် ပြည်ထောင်စုနေ့မှာ ထုံးစံအတိုင်း ဒေါ်စုခြံထဲမှာ အခမ်းအနား
လုပ်တယ်။ အဲဒီအခမ်း အနားကို ဗန်းပြပြီး တပ်ပေါင်းစု ဖွဲ့ရေးအစည်းအဝေးကို
ဒေါ်စုထမင်းစားခန်းထဲမှာ လုပ်တယ်။ မှတ်မိသလောက် တိုင်းရင်းသား တွေဘက်က
ဦးစောမရအောင်၊ ဦးအေးသာအောင်၊ ဦးသာဘန်း၊ နိုင်ငွေသိန်း ၊
ပူကျင်းရှင်းထန်၊ ဦးခွန်ထီး၊ စိုင်းညွန့်လွင်၊ ဦးခွန်ထွန်းဦး
တို့တက်တယ်။ မွန်ဘက်က ဒေါက်တာ မင်းစိုးလင်း လည်းပါတယ်ထင်တယ်။
ဒီချုပ်ဘက်ကတော့ ဒေါ်စု၊ ဦးအောင်ရွှေ၊ ဦးလွင်တို့ တက်ပါတယ်။
ဒါပေမယ့်အဲဒီနေ့က သဘောတူညီချက် မရဘူး၊ အဓိကကတော့ ရှမ်းဘက်ကတင်တဲ့ ဖက်ဒရယ်
မူနဲ့ပတ်သက်ပြီး ဒေါ်စုတို့ဘက်က တိတိကျကျ သဘောထား မပေးနိုင်လို့ပဲ။
နောက်တစ်ပတ်လောက် ကြာတော့ ဇိုမီးကွန်ဂရက်က ချင်းအမျိုးသားနေ့ ကျင်းပတယ်။
အဲဒီ အခမ်းအနားကို ဒေါ်စုနဲ့ ဦးတင်ဦးတက်ပြီး တပ်ပေါင်းစုကိစ္စ
ဆက်ဆွေးနွေးတယ်။ နောက်တစ်ခါ တော်လှန်ရေးနေ့ အခမ်းအနားမှာ ထပ်ဆွေးနွေးတယ်။
နောက်ဆုံးတော့ မေ ၂၇ မှာလုပ်တဲ့ ရွေေးကာက်ပွဲ နှစ်ပတ်လည်ကြမှဘဲ
သဘောတူညီချက်ရပြီး တပ်ပေါင်းစု ဖွဲ့ရေးအတွက် ဒေါ်စုက ခေါင်းဆောင်ပြီး
လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။
ဒေါ်စုက တပ်ပေါင်းစုဆိုပေမယ့် တိုင်းရင်းသား ပါတီတွေတင်တဲ့
တပ်ပေါင်းစုပုံစံကို သဘော မကျဘူး။ ဟိုလူတွေပြောတဲ့ တပ်ပေါင်းစု ဆိုတာက
တန်းတူညီမျှရေးမူနဲ့ ဖွဲ့တဲ့တပ်ပေါင်းစု၊ အားလုံး သဘောတူညီချက်နဲ့
လုပ်မယ့်တပ်ပေါင်းစု၊ ဒေါ်စုလိုချင်တာက ၈၉ တုံးက ၀ိဓူရ
သခင်ချစ်မောင်တို့နဲ့ ဆွေးနွေးတုံးက ရပ်တည်ချက်အတိုင်းပဲ ဒီချုပ် တနည်း
ဒေါ်စုခေါင်းဆောင်တဲ့၊ ဒေါ်စုကို အာဏာကုန် ပေးထားတဲ့ ပါတီပေါင်းစုံ
အဖွဲ့ပုံစံ။ ဒါပေမယ့် တိုင်းရင်းသား ပါတီတွေမှာလည်း ရွေးစရာသိတ်မရှိဘူး။
ဒေါ်စုမပါရင် သူတို့ဘာမှလုပ်လို့မရ၊ နိင်ငံတကာ ထောက်ခံမှုမရ ဖြစ်နေတာကိုး။
ဒီတော့ တိုင်းရင်းသား ပါတီတွေ စိတ်ကူးယဉ်တဲ့ နိုင်ငံရေး
တပ်ပေါင်းစုကြီးဟာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ဆိုတဲ့
ကော်မတီအဆင့်နဲ့ ဇာတ်သိမ်းသွားတယ်။ အဲဒီကော်မတီဟာ ပြည်သူ့လွှတ်တော် မပေါ်မီ
လွှတ်တော် ကိုယ်စား ပြင်ဆင်သင့်တာတွေ ပြင်ဆင်မယ်လို့ ဆိုတယ်။ အဲဒီမှာ
ပြည်သူ့လွှတ်တော် ကိုယ်စားပြုလို့ ဆိုတာကြောင့် ပြည်သူ့လွှတ်တော်မှာ
အမတ်နေရာ အများဆုံးရထားတဲ့ ဒီချုပ်က ကော်မတီဝင် အများစု နေရာယူထားသလို
ရွေးကောက်ပွဲ မ၀င်လိုက်ရ တဲ့ ဒေါ်စုက ကော်မတီခေါင်းဆောင် ဖြစ်လာတယ်။
အဲဒီလို ကော်မတီဖွဲ့မယ် လုပ်တော့ ဘယ်လိုပါတီတွေ ပါမလဲဆိုတဲ့ ပြဿနာ
ပေါ်လာတယ်။ မူလ ဆွေးနွေးတဲ့ ဒီချုပ်၊ ရှမ်း၊ ရခိုင်၊ မွန်၊ ဇိုမီး
တို့အပြင် မျိုးချစ်၊ အမျိုးသား ဒီမိုကရေစီပါတီနဲ့ တစ်သီး ပုဂ္ဂလတစ်ဦး
ပါလာတယ်။ ဒါတွေက ပြဿနာမပေါ်ဘူး၊ ဗမာပါတီတွေ ဖြစ်နေတာကိုး။ ပြဿနာက
အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ ဆိုတဲ့ ပါတီ။ တကယ်တော့
အဲဒီပါတီက ဘူးသီးတောင်၊ မောင်တောဒေသကို အခြေခံတဲ့ ပါတီဖြစ်ပြီး ၉၀
ရွေးကောက်ပွဲတုံးက ဘူသီးတောင်၊ မောင်တောဘက်မှာ ကိုယ်စားလှယ်လေးနေရာ
အနိုင်ခဲ့တယ်။ အမတ်တွေ အားလုံးက ကုလားတွေချည်းပဲ။
အဲဒီပါတီက ပါတီစုံ ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပုံတင်တဲ့အခါ
ရည်ရွယ်ချက်ကို ဖော်ပြတဲ့ အချိန်မှာ ရိုဟင်ဂျာ ဆိုတဲ့ စကားတစ်ခွန်းမှ
မပါဘူး။ ရည်ရွယ်ချက် သုံးခုမှာ ပထမအချက်က လူ့အခွင့်အရေးကို ကာကွယ်ဖို့၊
ဒုတိယအချက်က လူမျိုးအချင်းချင်း ချစ်ကြည်ဖို့နဲ့ နိုင်ငံရေး၊ စီးပွားရေး၊
လူ့အခွင့်အရေး တွေမှာသာတူညီမျှ ရှိဖို့။ တတိယ အချက်က နိုင်ငံအတွင်းက
ဒေသအချင်းချင်း ပိုပြီး နားလည်မှုရှိဖို့၊ တန်းတူညီဖို့
ဆိုပြီးပြောထားတယ်။ (ကုလားတွေဟာ အဲဒီအချိန်ထဲက လူ့အခွင့်အရေး
ခေါင်းစဉ်ကို ရှေ့တန်းတင်ထားတယ် ဆိုတာတွေ့ရမှာပါ။ )
အဲဒီပါတီက ဒုဥက္ကဌလား၊ အတွင်းရေးမှူးလား မမှတ်မိတော့ဘူး
ဦးမောင်မောင်တင်ဆိုတဲ့ ကုလားရှေ့နေရယ်။ ဦးကျော်မင်း(ခ) မာမက်ရှောင်ရှု
ဆိုတဲက ကျောင်းဆရာဟောင်း၊ ဘူးသီးတောင်က ရွေးချယ်ခံ ကိုယ်စားလှယ်က CRPP
ဖွဲ့ပြီး နောက်တစ်ရက်မှာ ဒေါ်စုကိုလာတွေ့ပြီး သူတို့လည်း CRPP မှာ
ပါချင်တယ်လို့ တင်ပြတယ်။ ပြီးတော့ သူတို့ဟာ ရိုဟင်ဂျာ
တိုင်းရင်းသားတွေကို ကိုယ်စားပြုတယ် ဆိုပြီးပြောတယ်။ တကယ်တော့ အဲဒီပါတီက
ရိုဟင်ဂျာ ပါတီအနေနဲ့ ဖွဲ့ခဲ့တာ မဟုတ်ဘူး၊ ဘူသီးတောင်၊ မောင်တောက
ကုလားသူဌေးတွေငွေနဲ့ ရန်ကုန်ကုလားတွေက ဥက္ကဌ၊ အတွင်းရေးမှူး
လုပ်ပြီးဖွဲ့ထားတာ။ အရွေးခံတော့ မောင်တောဘက်မှာ သွားအရွေးခံတယ်။ ဒါပေမယ့်
မြန်မာနိုင်ငံနဲ့ နှစ်ဆယ်ကျော် ကင်းကွာနေတဲ့ ဒေါ်စုက ရိုဟင်ဂျာတွေ ဘာတွေ
သိတ်သိတာ မဟုတ်ဘဲ နအဖကို တိုက်မယ့်သူဆိုရင် အကုန်ကြိုဆို နေတာဖြစ်တော့
သူသဘောတူတယ်လို့ ပြောလိုက်ပြီးနောက် တစ်ကြိမ် CRPP အစည်းအဝေးကို
လာတက်ဖို့ မှာလိုက် တယ်။ အဲဒါကို စီအီးစီလည်း မသိဘူး။ CRPP မှာပါတဲ့
ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးသန်းထွန်း၊ဦးလွင်၊ ဦးစိုးမြင့် တို့လည်း
မသိလိုက်ဘူး။
အောက်တိုဘာလဆန်းမှာ လုပ်တဲ့ CRPP အစည်းအဝေး ကျတော့ ကုလားတွေ လာတက်တယ်။
အဲဒီအခါကျမှ ဒေါ်စုက ကျမဖိတ်ထားတာဆိုပြီး ဦးကျော်မင်းကို
စကားပြောခွင့်ပေးတယ်။ ဦးကျော်မင်းက မဆလရော၊ နအဖကပါ ရိုဟင်ဂျာကို
တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုခဲ့ကြောင်း၊ ဖိနှိပ်မှု တွေလုပ်လို့
ဘင်္ဂလားဒေ့ရှ်ဘက်ကို သန်းချီပြေးရကြောင်း၊ အခုရွေးကောက်ပွဲမှာ
အရွေးခံရပေမယ့်လည်း ရိုဟင်ဂျာတွေက နိုင်ငံရေး အတွေ့အကြုံမရှိလို့ ဘာမှ
မလုပ်တတ်ကြောင်း၊ ဒါ့ကြောင့် ဒီချုပ် ဦးဆောင်မှုကို နာခံမှာဖြစ်ကြောင်း၊
ဒီချုပ်အနေနဲ့ အဖိနှိပ်ခံ ရိုဟင်ဂျာတွေကို လက်ခံခြင်းအားဖြင် နအဖရဲ့
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာ သိအောင်ပြရာ ရောက်ကြောင်း
စသည် စသည်ဖြင့် နတ်သံ နှောပြီးပြောပါတော့တယ်။ သူပြောပြီးတော့ ဒေါ်စုက
အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ ဆိုတာကို ရိုဟင်ဂျာ
တိုင်းရင်းသား ပါတီအဖြစ် အသိအမှတ်ပြုပြီး CRPP ထဲမှာ လက်ခံဖို့
ဦးကျော်မင်း ကို ကော်မတီဝင် အဖြစ်သတ်မှတ်ဖို့ ဆုံးဖြတ်တော်မူပါတယ်။
အတွင်းရေးမှူး လုပ်နေတဲ့ ရခိုင် ပါတီက ဦးအေးသာအောင်နဲ့ ဦးအောင်ရွှေတို့က
မရဲတရဲနဲ့ အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီကို လက်ခံတာတော့
ပြဿနာမရှိပါဘူး။ သို့သော် ရိုဟင်ဂျာ တိုင်းရင်းသား ပါတီအဖြစ်
သတ်မှတ်တာကတော့ ပြန်စဉ်းစားဖို့ လိုမယ်ဆိုပြီး ပြောရှာပါသေးတယ်။ ဒါပေမယ့်
ဒေါ်စုပဲဗျာ။ အဲဒီလို ပြောတာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်။ ဗီတိုနဲ့
ပယ်ချလိုက်တာပေါ့။ ပိတောက်မြေပို့စ်မှာ ပါတဲ့ မြန်မာပြည်မှာမွေးရင်
မြန်မာတိုင်းရင်းသားပေါ့ ဆိုတဲ့ စကားဟာ အဲဒီအစည်းအဝေးမှာ ဒေါ်စု
ပြောခဲ့တဲ့ စကားပါပဲ။ အဲဒီလိုနဲ့ CRPP ကော်မတီမှာ ဦးကျော်မင်းကို
အဖွဲ့ဝင်အဖြစ် ထပ်တိုးဖွဲ့စည်းပေးခဲ့ရတယ်။
ပိတောက်မြေက သူ့ပို့စ်ထဲမှာ ဒီချုပ်ကရိုဟင်ဂျာ ကိစ္စမှာ နှာစေးနေတယ်လို့
မချင့်မရဲ ပြောထားတယ်။ နှာစေးရမှာပေါ့ဗျာ။ ဒေါ်စုကောင်းမှုကြောင့်
အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီဟာ ရိုဟင်ဂျာ တိုင်းရင်းသား
ကိုယ်စားပြု ပါတီအဖြစ် ဒီချုပ်ရဲ့ မဟာမိတ်ပါတီဖြစ်ပြီး CRPP အဖွဲ့ဝင်
ဖြစ်နေတာကိုး။ ကဲ ပုံပြင်လေးကတော့ ဒါပါဘဲ။ အာဏာရူးပြီး ကုလားကို
တပည့်မွေးခဲ့တာ ဦးနု တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိစေချင်လို့
မျှဝေလိုက်တာပါ။
အောင်ထက်
Originally Posted at ပိတောက်မြေ
1 comment:
  1. ရိုဟင်ဂျာတွေ သနားစရာ ကောင်းကြောင်း ဘယ်လိုရေးရေး သူတို့ နောက်ကွယ်မှာ သန်း၁၅၀ကျော် ရှိနေတဲ့ ဘင်္ဂလီလူဦးရေ ကိုတော့ ထည့်မပြောကြပါဘူး။ အမေရိကန် နိုင်ငံ နယူးယောက်ပြည်နယ် (မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း)လောက်ပဲ ရှိတဲ့ ဧရိယာထဲမှာ လူသန်း၁၅၀ကျော် ပြွတ်သိပ်ပြီးရှိနေတဲ့ နိုင်ငံထဲက လူတွေက နယ်မြေပိုကျယ်ပြီး သန်း၅၀ကျော်ပဲ ရှိတဲ့ မြန်မာနိုင်ငံထဲကို ခိုးဝင်နေတာ ဘယ်လိုမှ ငြင်းမရတဲ့ အချက်ပါ။ နိုင်ငံတကာ မီဒီယာတွေမှာ အဲဒီအခြေအနေအမှန်ကို လုံးဝ ပြောင်းပြန်လှန်ပြီး မြန်မာနိုင်ငံသားတွေ ဘင်္ဂလားဒေ့ရှ်ထဲ ခိုးဝင်နေသယောင် ရေးသားနေကြတာ ယုတ္တိတန် လွန်းပါတယ်။
    ကုလားအုတ်နဲ့ တဲပိုင်ရှင် လင်မယား ပုံပြင်လိုပဲ စစ်တကောင်း ဘင်္ဂါလီတွေက ရိုဟင်ဂျာ အမည်ခံ ခေါင်းကလေး စ၀င်လာ၊ နောက်တော့ ဖြည်းဖြည်းချင်း တကိုယ်လုံး ၀င်လာရင် တဲပိုင်ရှင် အစစ်အမှန်က အပြင်ထွက်ပေးရတဲ့ အခြေအနေရောက်လာပါလိမ့်မယ်။
    မယုံမရှိပါနဲ့ ရိုဟင်ဂျာဆိုတာတွေကို တိုင်းရင်းသား သတ်မှတ်ပေးလိုက်ရင် နောက်တဆင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နောက်တဆင့် သီးခြား ပြည်နယ်၊ ဆိုတာတွေ ထပ်တောင်းလာပါလိမ့်မယ်။ မြန်မာ့မြေပေါ်မှာ ရှာရီရာ ဥပဒေနဲ့ အုပ်ချုပ်ခွင့်ရတဲ့ အခြေအနေ မရောက်မချင်း သူတို့ဘက်က ကျေနပ်မှာ မဟုတ်ပါ။
    မြန်မာလူငယ်တွေအနေနဲ့ ဒီရိုဟင်ဂျာ ကိစ္စနဲ့ ပက်သက်ရင် အမှားအမှန် ကွဲကွဲပြားပြား မသိဘူးဖြစ်နေပါတယ်။ အစိုးရဘက်က သတင်းအမှောင်ချထား တော့ ဘင်္ဂလီတွေဘက်က တဖက်သက် ပြောတာအမှန်လိုဖြစ်နေပါတယ်။
    ကျွန်တော်တို့ အားလုံး အစ္စလာမ်ဘာသာနဲ့ ရိုဟင်ဂျာ လူမျိုးဆိုတာကို ခွဲခြားရှုမြင်ပြီး၊ အစ္စလာမ်ကို လက်ခံပေမယ့် ရိုဟင်ဂျာလူမျိုးဆိုတာတော့ ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြသရပါမယ်။
    အင်္ဂလိပ်စာတတ် မြန်မာ မိတ်ဆွေတွေ အနေနဲ့ ဒီကိစ္စနဲ့ ပက်သက်တဲ့ ဆွေးနွေူးပွဲ၊ စာတမ်းဖတ်ပွဲ၊ သတင်းစာ ရှင်းလင်းပွဲတွေမှာ မြန်မာ့အမြင်ကို ၀င်ရောက် ဆွေးနွေးပေးကြပါ။
    သတင်းစာ မီဒီယာတွေမှာ မှားယွင်းဖော်ပြခဲ့ရင်လည်း မှားနေကြောင်း အီးမေးလ်ပို့ ထောက်ပြပြောဆိုကြပါ။
    နိုင်ငံခြားသား မိတ်ဆွေတွေရှိရင် ရိုဟင်ဂျာဆိုတာ မြန်မာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား ရှင်းပြပါ။
    အခုတောင် မွတ်စလင်နိုင်ငံအချို့ က မြန်မာနိုင်ငံမှာ မွတ်စလင် သန်း၂၀နီးပါး၊ စုစုပေါင်းလူဦးရေရဲ့ ၃၀ရာခိုင်နှုန်းထိ ရှိနေပြီလို့ ဘာအထောက်အထားမှ မရှိပဲ ပြောနေကြပါပြီ။
    ဒီပုံအတိုင်းဆို နောင်တချိန်မှာ မြန်မာ တိုင်းရင်းသားတွေလူမျိုးပျောက်ရင်ပျောက်၊ မပျောက်ရင် ဂျူးလူမျိုးတွေလို ကမ္ကာအနှံ့ ပျံ့ ပြီး သူမျာနိုင်ငံမှာ မျက်နှာငယ်ငယ်နဲ့ ကျွန်ခံရတဲ့ ဘ၀ရောက်လာပါလိမ့်မယ်။
    ReplyDelete